My Blog List

Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Saturday, May 14, 2011

စစ်မျက်နှာရဲ့ ဟိုမှာဘက်



စစ်မျက်နှာရဲ့ ဟိုမှာဘက်
ဘာသာပြန်-မနှင်းပွင့်

(ကိုးပုဒ်)

(၁)

မြောက်ဘက်စစ်မျက်နှာကို ချီစဉ်
ရင်တခုလုံး ခါးသက်လို့ နာကျင်
အာခံရင် သေလမ်းသာ ရှိတာမို့
ကိုယ့်အိမ်နဲ့ ဝေးရာကို လွင့်ရ ...။

စိတ်ထဲကတော့ တွေးမဆုံး
ဘုန်းတော်ကြီးဘုရား ...
ဘာကြောင့်များ အားကြိုးမာန်တက်
နယ်ပယ်အရပ်ရပ်ကို ချဲ့ထွင်ချင်ရသလဲ
စံပျော်ရာ နိုင်ငံတော်ကိုက
ကျယ်လွင့်လှပြီမဟုတ်လားကွယ် ...။

အခုတော့ ငါ့မှာ ...
ချစ်သူများထံပါးက ဆွဲခေါ်ခံခဲ့ရ
ကျလုဆဲ မျက်ရည်တွေကို မျိုသိပ်၊ အံတင်းတင်းကြိတ်
လှံထိပ်ချင်းထိခတ်ချီတက်ဖို့ အတင်းစေတာခံခဲ့ရတဲ့နောက် ...
ရောက်ခဲ့ရ မြောက်ဘက်စစ်မျက်နှာဆီ ...။

(၂)

အိမ်ကနေ ဆွဲထုတ်ခံခဲ့ရတာလည်း ကြာ
ငါလည်း ကုပ်ချောင်းချောင်း စစ်သားငယ်မဟုတ်တော့ ...။
လျှောကနဲ ကုန်းနှီးပြုတ်ကျ မြင်းပေါ်က ထိုးဆင်း
ဇက်ကြိုးဆုပ်ရင်း သေမင်းနဲ့တွေ့မှာ
ဒါမှမဟုတ် ချောက်ထဲခုန်ဆင်း ရန်သူ့အလံသုတ်ရင်း
ချက်ချင်းသေဆုံး အချိန်မရွေး ဘဝရှုံးနိုင်တာလည်း နားလည်ခဲ့ ...။
ဒါပေမယ့်ကွယ် နွယ်လိုရစ်ဖွဲ့ အိမ်ရဲ့သံယောဇဉ်
ရင်မှာကျန်ရစ် အသစ်ဖြစ်တယ် ...။

(၃)

တသွင်သွင်စီးနေတဲ့ စမ်းနံဘေး ဓားထိုင်သွေး
နွေးကနဲစပ် ရှပ်ဆို လက်ထဲဟက်တက်ကွဲ
ရေတွေ အနီရောင်ရဲ အသည်းထဲက ခါးသက်
ပေါင်းစပ်လို့နာကျင် သွေးစိမ်းရှင်ရှင်ကိုထွက်လို့
အသွားထက်ထက်နဲ့ ထိုးခွဲမိတာလေ ...။

သေမထူးနေမထူး တပ်ဦးက လူတွေမဟုတ်သလိုလို့ ဆိုကြမယ်
ရယ်စရာကွာ ဒီအနာလောက်ကတော့လို့ ပြောကြမယ်
တယ် ... တိုက်ပါဟ ... ချလကွာ ... ဒါမှငါ့ကောင်
အောင်ပွဲရအောင် ကြံဆောင်မှပေါ့ကွယ်
ဟယ် ... ပြောရင်းဆိုရင်း ... သေသူရုပ်ကြွင်း အရိုးရင်းတွေ
စစ်တလင်းမှာ ဖွေးဖွေးလှုပ်လို့ ဖုတ်ဖြစ်နေ ...။

(၄)

ဟဲ့ ... မောင်မင်း ... မှုထမ်းစုဆောင်းအတင်းမောင်းလို့
စစ်သည်ရှာရာ ငါခေါင်းဆောင်ကွဲ့
ဝေးလံရှေ့တန်း စစ်စခန်းကို နင်ထွက်ရမတဲ့
အံကိုခဲလို့ ကြဲရတော့တယ် ချီပြန်လေပေါ့ တခေါက်
ကြောက်ခွင့်မှမရှိ သိသိကြီးနဲ့ သေစခန်းကို လှမ်းရတယ် ...။

ကွယ် ... မျက်မှောင်တွန့်ချိုး အညှိုးနဲ့ နှိပ်စက်ဖို့လည်းမလိုတော့
မျော့မျော့ပဲကျန်ပေမယ့် သွားဆိုလည်း သွားရုံပလေ
သေချင်သေ နေရလည်း ငါ့ကံပေါ့ကွယ် ...။

နယ်တူလူများ သားချင်းအူတုံဆုံဖြစ်လျှင်တော့
ရော့ဟဲ့ ... ဆို စာလွှာလေးသာ အိမ်သားများကို ပါးခွင့်ရရင်
ဘဝင်လှိုက်ဆူ ပူမီးဒုက္ခ ဝေမျှယူခွင့်မသင့်မကြံ
သောကဘုံထဲ ပစ်ခွဲခဲ့ရ မချိလှကြောင်း သိစမ်းစေချင်တယ် ...။

(၅)

ခရီးမိုင်ထောင်ချီကို မျှော်ရီငေး အဝေးတနေရာဆီ
ချီလာသူတို့ ပေါင်းစည်းဖို့ရာ ရှေ့တန်းစစ်မျက်နှာ
လာကူဖို့ တချို့အတွက် ပိုခက်လိမ့်မယ် ...။
လွယ်ကူတာလည်း ရှိနိုင်ပါရဲ့
အစုံပေါ့ ဗိုလ်ဖြစ်တာနဲ့ အကုန်တော့ ဘယ်သိနိုင်ပါ့မလဲ ...။

အဲ ... ဒါနဲ့ တခါသား ... မြစ်တခုအနားမှာ
ရာချီတဲ့တပ်စု တောင်ပေါ်သားထုကြီးကို မထင်မှတ်ဘဲ
ဖြတ်ကနဲ တွေ့ခိုက် ... လှိုက်ခနဲဆို ရင်ထဲ
မရဲတရဲ သတိရမိတယ
ဘယ်တုန်းကမှ တိုင်းပြည်အတွက် ဆပ်မယ်သက်ပေး
မတွေးခဲ့ဖူးပါလားကွယ် ...။

(၆)

လေးတစင်း ရွေးချင်းရွေးရင်
တင်းနေမှ ကြိုက်ကြတာကလား
မြားကျပြန်တော့ ရှည်သွယ်သွယ်မှ
မြင်မြင်သမျှ ပစ်ခွင်း သေသူ့မြင်းတွေ သိမ်းဖို့ရာတဲ့ ...။

လာစမ်း ... သုံ့ပန်းဆို ခေါင်ကစဖမ်း
သေလမ်းကိုတော့ မပို့နဲ့ဦးကွဲ့
ငဲ့စရာစည်းကမ်း နည်းလမ်းအထွေထွေ
ပြေတိုင်းမှာ ရှိတယ် ... သတ်ဟယ် ဖြတ်ဟယ်နဲ့
ထင်တိုင်းရမ်းလို့ မဖြစ် ... စိစစ်ရွေးဖယ်လို့သာ ခေါ်ခဲ့ကြပေရော့
အောင်ပန်းဆွတ်ဖို့ တနေ့တော့ အသုံးဝင်လိမ့်မယ်
လွယ်လွယ်နဲ့ အသက်တချောင်း
မဖျောက်ကောင်းပေဘူး ...။

(၇)

နှင်းထုကလည်း ထူ ... မြူတွေကလည်း ဖုံး
ကြိတ်လိုက်ဦး ဖေ့သားရယ်
မြင်းလှငယ်ကို အားပေး ... အေးလွန်းလို့ ဆတ်ဆတ်တုန်
မှုန်ပြပြ စခန်းလျှိုချိုင့်ဝှမ်းနဲ့ ဒီတောင်တန်းကို ဖြတ်ဦးစို့ကွယ်
ခရီးတော့မနီးပေမယ့် နဲ့တဲ့တဲ့ တပ်စုကို လမ်းပြဦးဆောင်
တောင်ကြောကို လျှောဆင်းကြမယ် ...။

နှယ်နှယ်တော့မဟုတ် ကုတ်ကတ်တွယ်ဆင်းနေတုန်းဆို
လှုပ်တောင်မလှုပ်နဲ့ ယဲ့ယဲ့သာ ကျန်ပေမယ့်
မြဲပစေကွဲ့ ထုံကျင်လက်ချောင်းများ
ကျောက်ကမ်းပါးကို ဆုပ်သာထားပေတော့ ...။

မော့ကြည့်ရတာလည်း ဇက်တွေနာ အိမ်က ခွာခဲ့တာလည်း ကြာပြီ
ဒီတံတိုင်းကို ဝိုင်းဖို့ ... ဒီနံရံကို မံဖို့ ... ဒီစည်းကို ဆီးဖို့ ...
ပြီးခါနီးပလားကွယ် ဘယ်ခါသာမသိပေမယ့်
အိမ်ပြန်ခွင့်ရှိရင် ပြန်ချင်တယ် ...။

နေကွယ်တဲ့ ညနေတိုင်း တိမ်ရိုင်းတို့တောင်ဘက်ဆီ
ရွက်ဖွင့်သွားနှင့်ပြီဆို ခိုတွယ်လှမ်းကိုင်
မြဲမြဲထိုင်လို့ ခရီးကြုံလိုက်စမ်းချင်လှတယ် ...။

(၈)

ဝိုင်းဟေ့ ... ဝိုင်းဟ ... အားပါးတရ ကြွေးကြော်ကြရင်း
ဓားတစ်ဝင်းဝင်းနဲ့ တောင်ပေါ်သားတပ် ချီလာ
ငါတို့ခံစစ်ကို ခြေမှုန်း ပြုတ်ပြုတ်ကိုပြုန်းမတတ်
အရပ်ရှစ်မျက်နှာ ကြည့်လေရာ အဘက်ဘက်
မျက်စိတဆုံး အလိပ်လိပ်နဲ့ ဖုန်တွေ လုံးနေ ...။

လေထုတောင် ဒဏ်ရာနာကျင်မှုတွေနဲ့ သိပ်သည်းလို့
သို့ပေမယ့် ငါတို့တပ်များ အားကြီးပါဘိတယ်
လွယ်လွယ်ကူကူနဲ့ တိုက်ထုတ်
သူတို့ဗိုလ်ချုပ်များကိုတောင် ရလိုက်သေးတယ်
အဲ ... ဒီထဲက တယောက်ကိုတော့ သုံ့ပန်းအဖြစ်
လည်မှာ နှောင်ကြိုးရစ်လို့ ဖမ်းခေါ်ခဲ့တယ်
ခံတပ်က မဟာတံခါးတွေရဲ့ နောက်ကွယ်ကိုပေါ့ ...။

ဆိုတော့ ... ငတို့ဘဝ တသသနဲ့
အောင်ပွဲအကြောင်း ထပ်လောင်းလို့
ဇာတ်ပေါင်းစရာမကျန် အမှန်ပြောရရင်
တင်လာတဲ့တာဝန် ကျေပြွန်ဖို့ ကြိုးပမ်း
တခမ်းတနားလည်းမဟုတ် ရိုးကုတ်ကုတ်စစ်သည်ပါပဲ
လည်ကုတ်မှာ ဓားဝဲတော့လည်း အားတင်းလို့ ရဲရတော့တယ်
သူ့ဆန်စားခဲ့မှကိုးကွယ် ...။

(၉)

ဒီလိုနဲ့ စစ်သားဖြစ်ခဲ့တာ ဆယ်စုနှစ်တခုအကြာ
ဒါမှမဟုတ် နောက်နှစ်ပေါင်းများစွာမှာ
ငါရမယ်ထင်ရတဲ့ ဂုဏ် ... ဒါမှမဟုတ် ဘွဲ့ထူး
ဦးစွာ အတွေးထဲဝင်ဆင်ခြင်လို့ အများနဲ့စာတဲ့အခါ
ငတေမာသမားမဖြစ်အောင် တားဆီးတယ် ...။

အလယ်ပိုင်းလွင်ပြင်မှာတော့ စစ်မီးပွားဆဲ
ရှေ့တန်းမှာလည်း တောင်ပေါ်သားတွေနဲ့ တိုက်မြဲ
နွှဲနေတုန်း တပ်စုတိုင်းရဲ့တိုက်ပွဲကြား ဘယ်စဉ်းစားအားပါ့မလဲကွယ်
နေပျော်ဖွယ်ဘဝနဲ့ ရာထူးရာခံအကြောင်းတွေ
မသေဖို့တောင် အကြိတ်အနယ် ရုန်းကန်ရတဲ့ဘဝကြား
ခါးသီးမှုထဲက လွတ်လမ်း ... ဘယ်ဆီဘယ်စခန်း မျှော်မှန်းတမ်းသာတမိတယ် ...။ ။

Friday, May 6, 2011

Treasures


I wish I could crawl inside your mind
And find the treasures hidden inside
Then I could see where my place lies
And then I'd find the peace to let you fly.

By
Amila Chandrapala

Thursday, May 5, 2011

Falling


In this whirling relationship
I feel so confused
For just when I think I know
You turn around and let me go

It seems time has passes us by
It feels as if all is in flight
For every time it carries us whole
You somehow find a way to fall off.

By
Amila Chandrapala

Friday, April 29, 2011

Sweet Embrace


I remember thunderstorms fierce and gray
Lighting crashing and the pouring of plains
Now flow the memories of your sweet embrace
Calming me when all else was astray

Diamonds twinkled in moonlit grace
Flowers were strewn among deserts of pain
In time of sweet pleasures and tremendous pain
Yours were the eyes that faithfully held my place.

By
Amila Chandrapala

Monday, April 18, 2011

Winter


Tell me why you always held on
When I wanted to let go
God knows why I snipped your wings
When you wanted to soar

It seems that seasons were our binding force
Perhaps they alone captured the aching of our souls
But are we still left bound and yearning for more?
Or has winter arrived to cover us with snow.
By
Amila Chandrapala

Memories


The memories are deep sometimes
They travel upon me like the moving sky
Thoughts aimlessly flood in at peculiar times
In a rhapsody they roam within my mind


These are moments when consciousness has died
Reality subdued within distant cries
Shadows lulled against whispers of life
In a rhapsody you roam beneath my eyes.

Wednesday, April 13, 2011

Redwood Forests


Like the redwood forests that
were hidden among the abode of night
She was only admired during the stars of of flight
There she resumed her role as the queen of the night
There she received the glory that was never here to find

When the angels of heaven embrace you with open arms
May you find the peace that was lost to
you here under the stars
And when we shall all meet again someday
May we all be wiser, may we never let time waist away.

Saturday, April 9, 2011

Respect


Why do so many flock in the aftermath of pain
To pay their respects they all seem to claim
Well, why wasn't that love given and those respects paid
When she was only a few feet away

It seems that when there is nothing else you can possibly do
You'll loose sleep thinking of all you may loose
And when nothing you can say will ever change the hurt she felt
You'll talk in your sleep hoping the pain will somehow melt

In the presence of these forests of cement and clay
There have also been warriors that have never strayed
These angels gave her hope for they were her stars
During those final hours they helped heal her heart

by
Amila Chandrapala

Friday, April 8, 2011

Emerge



Don't be afraid of loneliness
For that is what made you stronger
Don't find gaps to fill those spaces
For fear will only take you longer

Forget those hurtful experiences
For they helped warm the insides
Shun the eyes that gave you disappointment
Push open yours, they'll direct your flight

Let the dead skin fall off your shoulder
Free your wings and prepare to fly
Believe in yourself, and stand a little bit taller
Close your eyes and emerge in the pool of life.

by Amila Chandrapala

Friday, April 1, 2011

မျှော်လင့်ခြင်း


မင်းကိုနိုင်
ဧပြီ ၁၊ ၂၀၁၁



ဆန္ဒနဲ့ဘ၀ တထပ်တည်းကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို ထောင်မျှော်နေတာပါ။

ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှ ပြကြေးကိုး။

ဓာတ်စာအမျိုးမျိုးကို
အိပ်ယာထဲက ပူစာနေတဲ့ လူမမာနဲ့ တူနေပြီမှန်းလဲ သိပါရဲ့။

အမေခွံ့ကျွေးသမျှ
(တကျိကျိ အော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။

လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ်
မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမယ့် မနက်တွေမှာ
နင်က အိပ်မောကျကာစ။

“နှင်း” သီချင်းထဲကလိုပေါ့
“အခုတော့ ပင်လယ်ပဲရှိတယ်” ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။

တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်
မျောက်ကလေးတွေ သန်းရှာနေတဲ့အရုပ်လဲပါ။

Thursday, March 24, 2011

ချိုနှင်းလွင်ရဲ့နွေ




<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4

လက်ဖျားတွေ ခြောက်သွေ့ခဲ့ပြီ..

သားပိုက်ကောင်ရဲ့ ငေးမောမှု့မျိုး

အလွမ်းကို ခါးပိုက်ဆောင် ထွေးပိုက်ဆဲ..

ညီမလေးရေ… ချိုနှင်းလွင်ရေ……

အလွမ်းအူတဲ့ ညမှာ

လမ်းဘေး ဆိပ်ဖလူးပင်က

ဖွေးဖွေးလှုပ် အော်ပွင့်လို့

နမ်းနေကျ ပါးချိုင့်လေးလဲ

အသက်ရှူသံလေးကို ငေးမျှော်နေရောပေါ့။

ညီမလေးရေ… ညီမလေးရဲ့

ထနောင်းရိပ်မှာ ပိတောက်ပန်လို့

နှစ်ချို့ ချစ်ခြင်းများ

တစ်ဘ၀စာ ခိုလှုံပါစေလို့

ဆုတောင်းနေမလား။

ငါတို့ ကမ္ဘာဟာ

အနာတွေ ပေကျံခဲ့ပြီလေ..

သွေးတွေ ရောင်ချည်ဖျာနေတဲ့

အလင်းမက်တဲ့ အမှောင်ကောင်တွေ

အလင်းစကားပြောပြီး

အမှောင်ကမ္ဘာကို ဖန်တီးနေကြသလား..

အချစ်ရေ … ညီမလေးရေ…………

ကမ္ဘာကြီးဟာ

စက်သေနတ်မှန်ထားတဲ့ လိမ္မော်သီးတစ်လုံးလို

ငါတို့ ချစ်ခြင်းတွေ အဆိပ်သင့်ခဲ့ပြီလေ……….

ကမ္ဘာတစ်ဖက်မှာ မြေငလျှင်

ကမ္ဘာတစ်ဖက်မှာ စစ်မြေပြင်

ကမ္ဘာတစ်ဖက်မှာ အကျဉ်းစခန်း

ကမ္ဘာတစ်ဖက်မှာ သွေးအေးလူသတ်ပွဲ

ကမ္ဘာတစ်ဖက်မှာ နျူးကလီးယား

ကမ္ဘာတစ်ဖက်မှာ မွတ်ငတ်ဆာလောင်မှု

ကမ္ဘာတစ်ဖက်မှာ ဆောင်းဆိုးရာသီ

ကမ္ဘာတစ်ဖက်မှာ နွေဆိုးရာသီ

ကမ္ဘာတစ်ဖက်မှာ အိပ်မက်အသစ်တည်ဆောက်

ကမ္ဘာတစ်ဖက်မှာ အိပ်မက်ဟောင်းဖြိုဖျက်

ကမ္ဘာတစ်ဖက်မှာ မိုးဆိုးရာသီ

ကမ္ဘာတစ်ဖက်မှာ အမုန်းတရား

ကမ္ဘာတစ်ဖက်မှာ အချစ်ပင်စိုက်ပျိုး

ညီမလေးရေ……….. ချိုနှင်းလွင်ရေ………….

လက်ဖျားတွေ ခြောက်သွေ့ခဲ့ပြီ..

သားပိုက်ကောင်ရဲ့ ငေးမောမှု့မျိုး

အလွမ်းကို ခါးပိုက်ဆောင် ထွေးပိုက်ဆဲ..

ညီမလေးရေ… ချိုနှင်းလွင်ရေ……

Tuesday, March 22, 2011

ပိုလျှံနေသော ၀ါကျများ


(၁)

ငါးဟာ….

ရေကိုမသိသလို

လူတွေဟာ….

မသိတာကလွဲလို့

အားလုံးသိခဲ့ကြတယ်။

(၂)

ကြည့်ပါ

တခမ်းတနား နေထိုင်ဖို့

ဘုရားသခင်ကအစ

တစ်ခါသုံးဘောပင်အထိ

ကျွန်တော်တို့….

ဖန်းဆင်းခဲ့ကြ။

ဘာသာစကားကနေ

ဆင်ဖိုနီဓာတ်ပြားအထိ

အင်တာနက်ကနေ

ထရိုဂျင်းနစ် မြင်းရုပ်အထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

စည်သွပ်ဘူးကနေ

ဆိုကရေတီး အဆိပ်ခွက်အထိ

အိတ်ခ်ျအိုင်ဗွီပိုးကနေ

အင်္ဂါဂြိုဟ်သွားယာဉ်အထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။

ပိရမစ်ကနေ

စက္ကူနဲ့လုပ်တဲ့ပန်းအထိ

ဆံပင်ဆိုးဆေးကနေ

အာဏာရှင်စနစ်အထိ

လူကနေ…

လူပုံတူမျိုးပွားအထိ

ကျွန်တော်တို့

ဖန်ဆင်းခဲ့ကြ။


(၃)

ကျွန်တော်တို့ဟာ

သစ်ပင်ပေါ်ကဆင်းပြီး

အချင်းချင်းလက်ဆွဲနှုတ်ဆက်

ဟဲလို၊ဟိုင်း၊ဟေး

ယဉ်ကျေးခဲ့ကြပါတယ်။

လေးနဲ့မြားကိုတင်တတ်အောင်

ကောက်တဲ့အခွန်ဆောင်တတ်အောင်

ထီးဖြူမိုးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

မိုးမျှော်တိုက်တွေကို ဂူလုပ်ဖို့

နေ၀င်ရင် မီးဖွင့်တတ်အောင်

တိုက်ပုံအကျီ င်္ ၀တ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဒါဝင်က သင်မပေးရအောင်

ရေချိုးခန်းနဲ့ရေးချိုးတတ်အောင်

ကဗျာရေးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

တံတားဆောက်တတ်အောင်

ဥပဒေပြုတတ်အောင်

ကွန်ဒုံးသုံးတတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

ဖဲကစားတတ်အောင်

ဘုရားဖူးသွားတတ်အောင်

နျူကလီယား ဗုံးလုပ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

လပေါ်လမ်းလျှောက်တတ်အောင်

ကာကွယ်ဆေး ထိုးတတ်အောင်

ကိုယ့်အိမ်တံခါးကို လုံးခြုံစွာ ပိတ်တတ်အောင်

ယဉ်ကျေးခဲ့ကြပါတယ်။

(၄)

ဒီလိုနဲ့…

ကျွန်တော်တို့

စားဖို့အတွက်

ပန်းကန်နဲ့ချက်ပြုတ်နည်းတစ်ထောင်နဲ့

သူများအသက်နဲ့။

သောက်ဖို့အတွက်

အိုအေစစ်နဲ့ မိုးခါးရေနဲ့

ရေသန့်ဘူးစက်ရုံနဲ့။

နေဖို့အတွက်

လေအေးပေးစက်နဲ့

ပြက္ခဒိန်နဲ့

ရေလိုက်ငါးလိုက် အတွေးအခေါ်နဲ့။

ကြည့်ဖို့အတွက်

ရုပ်ရှင်ရုံနဲ့ပန်းချီပြတိုက်နဲ့

တတ်ယောင်ကား မျက်စိနဲ့။

နားထောင်ဖို့အတွက်

ရေဒီယိုနဲ့ဓာတ်ပြားနဲ့

နီရိုးဘုရင်ရဲ့ ဗျပ်စောင်းသံနဲ့။

ရှူရှိုက်ဖို့အတွက်

ပင်လယ်လေနဲ့ ရက်ဗလွန်ရေမွှေးနဲ့

မသူတော်ခုနှစ်ပါး ကိုယ်နံ့နဲ့။

စီးပွားရှာဖို့အတွက်

မတော်လောဘနဲ့ ချိန်ခွင်နဲ့

မာကင်တိုင် ၀ါဒနဲ့။

စစ်တိုက်ဖို့အတွက်

လက်နက်နဲ့ သေနင်္ဂဗျူဟာကျမ်းနဲ့

နိုင်လိုမင်းထက်ဝါဒနဲ့။

အပျင်ဖြေဖို့အတွက်

စီးကရက်နဲ့အလေလိုက်စရာနဲ့

အမဲပစ် ရိုင်ဖယ်နဲ့။

ငါမှန်ကြောင်း၊သူမှားကြောင်း

ပြောဖို့အတွက်

ပါးစပ်နဲ့ ကိုးကားစရာစာအုပ်နဲ့

မိုးတစ်လုံးလေတစ်လုံးဘ၀င်နဲ့။

ဖျားနာဖို့အတွက်

အထူးကုဆေးခန်းနဲ့ရုပ်ခန္ဓာနဲ့

ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့။

သေဆုံးဖို့အတွက်

သံသရာနဲ့သချို င်္င်းနဲ့

(သေပြီးမှ)….

သတိရကြမယ့် လူတွေနဲ့။

(၅)

ကျွန်တော်တို့မှာ

ဂေါတမဗုဒ္ဓရှိတယ်

နစ်ရှေးရှိတယ်။

မဟတ္ထမဂန္ဒီရှိတယ်

စတာလင်ရှိတယ်။

မိုးဇက်ရှိတယ်

ဗာဂျီးနီးယားဝုဖ်ရှိတယ်။

သောမတ်အယ်ဒီဆင်ရှိတယ်

ဂျက်ဆင်ပိုးလော့ရှိတယ်။

အက်တလတ်ရှိတယ်

ပီတာဝိုင်ယာရှိတယ်။

ဆစ်မဂန်ဖရွိုက်ရှိတယ်

ကိတ်ဝင်းဆလက်ရှိတယ်။

ဖူကူမားယားရှိတယ်

ယူတူးက ဘိုနိုရှိတယ်။

စတီဖင်ဟော့ကင်း ရှိတယ်

အိုစမာဘင်လာဒင်ရှိတယ်။

ကျွန်တော်တို့မှာ

တိရိစ္ဆာန်ရုံရှိတယ်

ဘေးမဲ့တောရှိတယ်။

ဂေါက်ကွင်းရှိတယ်

အကျဉ်းထောင်ရှိတယ်။

စိပ်ပုတီးရှိတယ်

ဆန့်ကျင်ဘက်လိင်ရှိတယ်။

စီးနေတဲ့မြစ်တွေရှိတယ်

ပေါက်ကွဲမယ့် မီးတောင်ရှိတယ်။

ဝိုင်အိုလက်ပေါင်ဒါရှိတယ်

အဏုမြူဓာတ်ပေါင်းဖိုရှိတယ်။

သစ်ခွပန်းရောင်စုံရှိတယ်

အသားကြိတ်တဲ့စက်ရှိတယ်။

စားမရတဲ့ သစ်သီးတွေရှိတယ်

လကွယ်ညရှိတယ်။

ကျေးပိုင်ကျွန်ပိုင်စနစ်ရှိတယ်

ချွေးနံ့ပျောက်ဆေးရှိတယ်။

(၆)

ဒီလိုနဲ့

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ဘယ်တော့မိုးရွာမယ်ဆိုတာ

ကြိုတင်ပြောလို့။

ယုန် မြေမနင်းသားကို

ဓားနဲ့လှီးကာ

အရသာခံဝါးလို့။

အလင်းနှစ်တစ်သန်းက ကြယ်ကို

နက္ခတ်ကြည့်မှန်ပြောင်းနဲ့ကြည့်လို့။

အပါယ်လေးဘုံကို

ဓာတ်လှေကား အလုအယက်ဆင်းလို့။

ပိုတမ်ကင်သဘောင်္က အမြောက်သံကို

စပျစ်ဝိုင်စုပ်ရင်း နားထောင်လို့။

ဧဒင်ဥယျာဉ်ကို

မပုပ်သိုးအောင် ဖော်မယ်လင်စိမ်လို့။

ထိုဝါဒ၊ဟိုဝါဒတွေကို

ကိုယ့်နဲ့တော်သလို အကျီ င်္ချုပ်ဝတ်လို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

စစ်ကြေညာလို့

စစ်ပြေငြိမ်းလို့

သစ်ပင်တွေကိုခုတ်လို့

သစ်ပင်တွေကိုစိုက်လို့

လက်ထပ်ကြလို့

ကွာရှင်းကြလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

သရုပ်ဆောင်လို့

သရုပ်မဆောင်လို့

ရေကိုစုန်လို့

ရေကိုဆန်လို့

တစ်ဝက်ကိုစားလို့

တစ်ဝက်ကိုထွေးလို့။

ခပ်တည်တည်နဲ့ပဲ

ကျွန်တော်တို့ဟာ

ငါးတွေမျှားလို့

ငါးတွေလွှတ်လို့၊

မှားတာတွေမှန်လို့

မှန်တာတွေမှားလို့

သေရမှာကြောက်လို့

သေရမှာမကြောက်လို့။

(၇)

သမိုင်းနိဂုံးချုပ်ခဲ့ပြီ

ဂုဏ်ဆိုတာငွေကိုခေါ်တယ်

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့

မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်မဆင်းနိုင်

စိတ်မလုံရင် တိတ္ထုံကိုကြည့်

အိုဇုန်းလွှာကို ကယ်တင်ကြပါ

အားလုံးဟာ လိုင်ဘီဒိုညာဉ်မှာ အခြေခံတယ်

ငြိမ်းချမ်းရေးအတွက် စစ်လိုတယ်

စပါးတားကတ်ဆိုတာ ဘယ်သူလဲဟေ့

ဖြစ်တည်မှုဟာ အနှစ်သာရထက် ရှေးကျတယ်။

(၈)

သင်..

နေထိုင်ဖို့ရာ

ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ရာ

ဒါမှမဟုတ်

မပျော်မရွှင် နေထိုင်ဖို့ရာ

ဘာမှ

မလိုပါ။

ဥပမာ

ဒီဝါကျတွေက အစ မလိုသလိုပေါ့။

သစ္စာနီ

Wednesday, March 16, 2011

မတ်လ

အနီထဲက ကြယ်ဖြူတပွင့်ရဲ့ 

စီးဆင်းခဲ့တဲ့ သွေးတွေ

သမိုင်းရေးအရ

ရာဇ၀င်ရေးအရ

မတ် လဟာ အရေးကြီးတယ်။

အဲဒီ မတ်လရဲ့  ဖြစ်ပျက်ပုံများ

တမိုးလုံး ဖျောက်ဆိပ်ကြားမှာ

တထိတ်ထိတ်နဲ့  လင်းရ လက်ရ

တံတားအောက်က ရေတွေမှာတော့

စီးဆင်းသွားကြပြီ

မတ်လရဲ့  နွေညများ ငါတို့  ပြန်မရနိုင်

ဆို့ နစ်ကြေကွဲ

အသံတွေ မစဲဘူ

“ဒီမိုကရေစီရမှ အမျှဝေပါ”။

ညီမလေးရေ

သွေးကြွေး စစ်စစ်တွေပါ

နဲနဲလေးမှ အလျှော့ပေးစရာမလို

အရိုးတွေတောင်လို ပုံနေပုံက

ဖျောက်ဖျက်မရတဲ့ ရာဇ၀တ်မှုတွေရဲ့ 

အခင်းအကျင်းတွေပဲလေ

ငါတို့  မျှော်လင့်ထားတဲ့ အနာဂတ်အတွက်

ရန် ငါ စည်းပြတ်ဘို့ လို့ တယ်။

အသက်တချောင်းကို အသက်တချောင်းခြင်းကလွဲလို့ 

ဘယ်လိုအကြောင်းနဲ့ မှ သင်ပုန်းချေစရာမလို

စစ်ကျွန်အဖြစ် နွံနစ်မခံ

မတ်လ ရဲ့  ဟန်

မတ်လရဲ့  မာန်

မတ်လရဲ့  အသံ

တိုက်ပွဲခေါ်သံ ပါပဲ၊

ငါတို့  မတ်လကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။

ရဲရင့်သက်ဇွဲ

တဆင့်စကားများ


မောင်လွမ်းဏီ

ညဆို
နွေရနံ့ နဲ့ 
ချော့သိပ်လို့  မအိပ်တဲ့ အတိတ်တွေ
ကမ်းဆိပ်မှာ သောင်တင်နေတာမျိုး။

နေ့ ဆို
တံလှပ်တောကြောင်တွေ
ရွှေသမင်လုပ်တတ်တဲ့ ခပ်ရိုးရိုး ဇာတ်
စတစ်ကာ ကပ်ခွာ ဆိုပေမဲ့ တခါသုံးမျိုး။

မနေ့ က
ဘ၀တွေ ကျိုးကြေခဲ့တဲ့အကြောင်း
ဒီနေ့ လောက် အပူကဲပေမဲ့
ရေသောက်ချင်စိတ် ကုန်ခမ်းနေသလိုမျိုး။

လေဟုန်စီးတတ်တဲ့
လက်ပံပွင့်တွေကို သုတေသန လုပ်ကြမယ်
လက်ပံပွင့်ကို ရှာမတွေ့ ဘူး ဆိုပါလား
မဆီမဆိုင် လက်ပံသား ဓားနဲ့ ချိုင်နေကြသလိုမျိုး။

ရေဘူးနဲ့  ထီးမပါလည်း
နွေအကြော နောကျေသူတွေပါပဲ
ကြည့်လေ ကန်ရေခြောက်မှ
အိုင်ပျက် ငါးကောက်နေကြသလိုမျိုး။

တနှစ်မှာ တခေါက်လောက်
ရောက် ရောက် လာတတ်တဲ့
ဥသြငှက်ကလည်း ထစ် ထစ် အ အ
ချိုးကူသံကလည်း အစ် အစ် ဖွ ဖွ
နွားကျောင်းသားရဲ့  လောက်စလုံးကတော့
တစ်တစ်ခွခွပေါ့လို့  ပြောနေကြသလိုမျိုး။

အညာမြေလတ်မှာပါ
ဒီရာသီဖွားတွေ
မြွေပွေး မြွေဟောက်ဆို
အရေခွံခြောက်တောင် မီးတင်ပစ်ဖို့  ကြိမ်းမောင်းလိုက်
တယောက်ပြီးတယောက် ပိုးထိလိုက် ဆိုသလိုမျိုး။

မောင်လွမ်းဏီ

Sunday, March 13, 2011

ဘာမှ မဟုတ်တဲ့ကောင်

မျက်ရည်တွေနဲ့ အသည်းမာနေတဲ့ကောင်

ရုန်းထွက်မယ်ဆုံးဖြတ်ပြီးကာမှ အရှုံးပေးလိုက်ရတဲ့ကောင်

မုန်းတီးပြီးကာမှ ပြန်ချစ်လိုက်တဲ့ကောင်

ပြည့်စုံပြီးကာမှ တောင်းစားနေရတဲ့ကောင်

မင်းဘာကောင်လဲ လို့ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးမေးတတ်တဲ့ကောင်

မိဘတွေဆီကို ပြန်မယ်စိတ်ကူးထားပေမယ့် မေ့နေတဲ့ကောင်

အပြုံးတွေနဲ့ ဒေါသထွက်နေတဲ့ကောင်

မေမေရေ သားလူဆိုးကြီးပြန်လာမယ့် နေ့ကို မျှော်နေဆဲလား။

Dကောင်းကင်