My Blog List

Showing posts with label latter. Show all posts
Showing posts with label latter. Show all posts

Wednesday, February 10, 2010

အကြောင်းကတော့ လွမ်းလို့ပါဘုရား








သို့

ဦးဇာဂရ သိစေရန်စာရေးလိုက်ပါတယ် အကြောင်းကတော့ လွမ်းလို့ပါဘုရား။
မြန်မာပြည်နဲ့ဝေးသွားတဲနေရာ ရောက်သွားလို့လားတော့ မသိဘူး။
အိမ်ကလူတွေအားလုံးရန်ကုန်နေတုန်းကထက်ပိုလွမ်းတယ်သတိရကြတယ်
နေရထိုင်ရတာ အားလုံးအဆင်ပြေတယ်ကြားရတော့ဝမ်းသာမိပါတယ်။

အားလုံးနေကောင်းကြပါတယ်။အဆင်ပြေတယ်မပြေဘူးကတော့လူအပေါ်မှာမူတည်ပါတယ်။
မောင်ဖိုးလုံးကတော့အခုအိမ်ပြန်ရောက်နေပါတယ်၊
အကြောင်းကတော့အမေတို့ ဖိုးလုံးစာမေးပွဲဖြေပြီးလို့
ဂဇာတ်ထွက်မဲ့ရက်မှာရန်ကုန်ရောက်သွားကြတယ်။

အမေတို့လည်း လုပ်ငန်းတွေရေတက်ထားတော့ငွေအခက်ခဲကြောင်း
နောက်နှစ်မှဖြေတော့မယ်ဆိုပြီးအခုကျောက်ဆည်မှန်စက်ရုံမှာတစ်လကိုစရိတ်ငြိမ်း(၄၅၀၀၀)နဲ့လက်သမားလိုက်လုပ်နေတယ်။
တစ်လပိုင်းလောက်ကြရင် ရန်ကုန်ကို ကျောင်းပြောင်းလက်မှတ်သွားယူပြီး၂၀၁၀ခုနှစ်မှာမြစ်သားမှာပဲအမေထားပေးမယ်လို့စီစဉ်ထားပါတယ
်သူပေးလိုက်တဲ့ငွေကိုကြက်သွန်မျိုးစေ့ဝယ်ပြီး နောက်ပိုင်းမှာ စိုက်ဖို့ ပျိုးထောင်ထားပါတယ်။
ဦးဇင်းရေ
အမေသားသမီးတွေ အားလုံး လိမ္မာကြပါတယ်။
ပညာရှိတဲ့ လူတွေက နားလည်ကြသလိုပညာမဲ့တဲ့သူတွေကလည်း
သူ့နေရာနဲံ့သူနားလည်မှုလေးတွေပေးကြပါတယ်ခုချိန်ထိတော့ဘယ်သူ့အတွက်နဲ့မှအမေစိတ်မဆင်းရဲရပါဘူး။
အဖေအမေတို့က အသက်ကြီးလာကြပြီဆိုတာ သိပါတယ် ။
ဒါပေမယ့်ပုထုဇဉ်ဆိုတော့ လောဘဒေါသတော့ မကင်းကြသေးပါဘူး။
သူတို့တွေအတွက်အမေဦးနှေက်တွေသုံးနေရတုန်းပါ။
စနေမကိုတော့ ကျောင်းဆက်မထားဖြစ်ပါဘူး။
သူကဦးဇင်းတို့လို အရပ်ရှည်တော့ အခုဆိုသူဇာလောက်ရှိနေပြီိပေါ။့..
ဦးဇင်း အမေတို့တွေနီးနီးလေးမှာနေချင်ပါပြ ။ီဒီတစ်ခါဘွဲ့တွေယူပြီးလို့မြန်မာပြည်ကိုပြန်လာကျောင်းထိုင်ပါတော့လို့အမေပြောချင်ပါတယ်။
ဦးဇင်းရဲ့ အဖေကတော့ ဝေးဝေးနေ လို့မရပါဘူး။
သားသမီးနဲ့ပက်သက်လာရင် သူတရားမကြပါဘူး။
အမေက မိန်းမသားဆိုပေမယ့် အားတင်းနိုင်ပါတယ။်သူကဝေးနေရတာကိုပဲမဖြေနိုင်ပါဘူး
ရန်ကုန်မှာနှစ်တွေကြာပေမယ့်ဖုံးဆက်လို့ရတော့
တော်သေးတယ်...ကျန်နေသေးတဲ့အကြောင်းကိုတော့ လူချင်းတွေ့မှပဲ
ပြောတာပေါ့ ခုဆိုရင်အမေဒီစာတွေကိုညဘက်မှာရေးလို့မရတော့ဘူး
နေံခင်းဘက်မှာပဲရေးလို့ရတယ်၊
ခုတစ်ခါပြန်ရောက်ရင်တော့အမေတို့ကိုထားပြီး
အဝေးကြီးမှာသွားမနေပါနဲ့လို့ပြောချင်ပါတယ်၊အကြီးဆုံးဖြစ်ပြီးတော့ အားလုံးကိုတော့ဥပေက္ခာမပြုလိုက်ပါနဲ့လို့......။
တော်သေးပြီ
ကျမ္မာပါ၏
ဦးကျော်မြင့်+ဒေါ်ရီဝင်း