My Blog List

Tuesday, May 31, 2011

မိုးမြင့်ငြိမ်းသူ



သူမ၏ အမည်သည် မိုးမြင့်ငြိမ်းသူ ဖြစ်သည်။ သူမသည် လှပသော လက်သန်းလေးကို ပိုင်ဆိုင်ထားလေသည်။ သူမတွင် ရွှေအိုရောင် နားကပ်သေးသေးလေးဖြင့် တန်ဆာဆင်ထားသော ဖြူဝင်းကြွတ်ဆတ်သော နားရွက်နှစ်ခု ရှိသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခု လုံးတွင် ထိုနားရွက်နှစ်ခုသည် အလှဆုံး ဖြစ်သည်ဟု သူမနှင့် သူ စတင်တွေ့ခဲ့သောအချိန်က သူကောက်ချက်ချဖူးသည်။ ထိုစဉ်အခါက မိုးမြင့်ငြိမ်းသူ သည် မိုးမြင့်ငြိမ်းသူ ဖြစ်၍ သူသည် သူဖြစ်သည်။

နွေရာသီ၏ နံနက်ခင်းသည် စောစီးစွာပင် မိုးမြင့်ငြိမ်းသူကို မျက်နှာသစ်၊ ရေချိုး၊ သွားတိုက်၊ သနပ်ခါးဘဲကြားလူး၍ နှုတ်ခမ်းနီပါးပါးလေး စိုးပေးထားသည်။ သူ မိုးမြင့်ငြိမ်းသူကို မြေနီလမ်းတွင် ကျော့ကျော့လေးလွင့်လာသည်ကို အစိမ်းရောင်သစ်ရွက်တွေကြားက တွေ့လိုက်သည်။ နွေရာသီ၏ နံနက်ခင်းသည် နေမထွက်ပဲ မိုးမြင့်ငြိမ်းသူ ဆိုသော ဒေ၀ီလေးထွက်လာခဲ့သည်။ ထိုနေ့တွင် ကမ္ဘာသည် နေရောင်ချည်ဖြင့် လင်းလက်ခွင့် မရခဲ့ပေ။ ထိုနေ့တွင် ကမ္ဘာသည် မိုးမြင့်ငြိမ်းသူ၏ ကိုယ်ရောင် ကိုယ်ဝါဖြင့် ထွန်းလင်းခဲ့သည်။ မိုးမြင့်ငြိမ်းသူသည် ဘုရားသခင်က သူ့အတွက် သီးသန့်ဖန်ဆင်းပေးခဲ့သောကြောင့် သူ ဘုရားသခင်ကို ကျေးဇူးတင်မိသည်။

မိုးမြင့်ငြိမ်းသူတွင် ဖြူစင်သွယ်လျှ လှပသော ခြေနှစ်ချောင်းရှိသည်။ နီထွေးညက်မှုန်သော ခြေဖ၀ါးရဲရဲလေး တစ်စုံရှိသည်။ သူမသည် နီထွေးညက်မှုန်သော ခြေဖ၀ါးရဲရဲလေး တစ်စုံဖြင့် လှလှပပ လမ်းလျှောက်တတ်သည်။ ထိုနီထွေးညက်မှုန်သော ခြေဖ၀ါးရဲရဲလေး တစ်စုံတွင် သန့်ပြန့်သွယ်ရှည်၍ ဆေးနီပါးပါးလေးဖြင့် ၀င်းမှည့်နေသော သစ်သီးတစ်လုံးကဲ့သို့ ရင်ဘက်ကို ဆာလောင်စေတတ်သည်။ သူသည် မိုးမြင့်ငြိမ်းသူကို ဆာလောင်မိသည်။ မိုးမြင့်ငြိမ်းသူ၏ ပန်းနုရောင် ချစ်ခြင်းကို ဆာလောင်မိသည်။ သူသည် မိုးမြင့်ငြိမ်းသူ၏ ဆံစလေးများကို ဆာလောင်တက်မက်မိသည်။ နဖူးပြင်လေးကို မက်မောမိသည်။

မိုးမြင့်ငြိမ်းသူ သည် ပထမနှစ် ဒဿနိက ကျောင်းသူလေးဖြစ်သည်။ ခရမ်းရောင် လက်သည်းချွန်လေးများရှိသော သူမ၏ ဘယ်ဘက်လက်ချောင်းလေးများဖြင့် လှပသောလက်ရေးလေးများကို ရေးတတ်သည်။ သူမ၏ နက်မှောင်ကျော့ရှင်းသော ဆံနွယ်လေးများကို သူမ၏ ကျောပေါ်တွင် ကြဲချထားလေသည်။

ဤသို့ဖြင့် မိုးမြင့်ငြိမ်းသူသည် သူ့၏ ရင်ခွင်တွင် နားခိုခဲ့ဘူးသည်။ မိုးမြင့်ငြိမ်းသူသည် သူ့ကို ချစ်ခဲ့ဘူးသည်။ သူသည် မိုးမြင့်ငြိမ်းသူကို ချစ်ခဲ့သည်။

ထိုနေ့သည် သေခြင်းတရားနှင့် မိုးမြင့်ငြိမ်းသူကို ရောမွေလိုက်သည်။ ကားတစ်စီးသည် အမှတ်မထင် သေခြင်းတရားဖြင့် မိုးမြင့်ငြိမ်းသူကို လွှမ်းခြုံလိုက်သည်။

လူ့ဘ၀သည် အလှတရားတို့ဖြင့် ခမ်းနားသေသပ်ကာ သွေးကြောတို့ကို ပေါက်ကွဲစေလျှက် သေခြင်းတွင် အဆုံးသတ်ခဲ့သည်။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ အလွမ်း။ မိုးမြင့်ငြိမ်းသူ။ သေခြင်း။ မိုးမြင့်ငြိမ်းသူ။ အလွမ်း။ သေခြင်း။ အလွမ်း။ မောပန်းနွမ်းလျခဲ့ပါပြီ…… မိုးမြင့်ငြိမ်းသူ ရယ်…………….။

0 comments: