တိမ်ကျဲကျဲဖြင့် ကောင်းကင်သည် ပါးကွက်လေးနှင့် လင်းသစ်နေသည်။
အ၀ါရောင်လွင်ပြင်ကျယ်ကြီးကို ဖြတ်လျှောက်ရင်း သံသရာလွင်ပြင်ရိုင်းကို သတိရမိသည်။
အနောက်တောင်အရပ်ကို ငေးမျှော်ရင်း တစ်လှမ်းခြင်း လျှောက်နေမိသည်။
အရာရာကို မေ့လျော့နေသကဲ့သို့ သူ့နာမည်ကိုပင် မေ့နေသည်ဟု ထင်ရသည်။
သံသရာက ပုခုံးပုတ်လိုက်ပြီး စကားစဆိုသည်။
“လူတွေဟာ သူတို့ကို သူတို့ သခင်ထင်နေကြတာ၊ တကယ်တော့ လူတွေဟာ သူ့ပတ်ဝန်းကျင်ရဲ့ ကျေးကျွန်ဖြစ်မှန်းမသိဖြစ်နေကြတာ”။
သူက အသံလာရာ အရပ်ကို ရွှေစောင်းပြီး ကြည့်လိုက်တော့ မှုန်ကုပ်ကုပ် မှုန်တေတေကောင် သံသရာဆိုတဲ့ကောင်။
“သံသရာ မင်း ငါ့နောက်မလိုက်ခဲ့နဲ့ကွာ၊ ငါ အေးဆေး နေပါရစေ” ဟု သူက လေသံအေးအေးဖြင့် ဆိုသည်။
ငါက မင်းနောက်လိုက်နေတာ မဟုတ်ဘူးဗျ၊
မင်းက ငါ့နောက်ကို လိုက်နေတာ ဟု ဆိုကာ သံသရာက ရယ်သွမ်းသွေးသည်။
သူ မရယ်သာပေ။
အနိုင်မရှိသေးသော ဘ၀လမ်းခရီးသည် သူ့ကို သက်သေပေးနေသည်။
“ငါယုံကြည်ရာကို လျှောက်လမ်းနေရရင် ငါကျေနပ်ပါပီ”။
“မင်းက ဘာကိုယုံကြည်နေတာလဲ” ဟု ခပ်ဝေးဝေးက ခနဲ့သလိုမေးသည် သံသရာက။
“ငြိမ်းအေးတဲ့ လွတ်မြောက်ခြင်းကို ငါက တက်မက်နေတာ”။
“ဂေါတမဗုဒ္ဓ လျှောက်ခဲ့တဲ့ လမ်းလား၊
ဂေါတမဗုဒ္ဓလည်း တစ်ချိန်က ငါ့ရဲ့သားကောင်ဖြစ်ခဲ့ရသေးတာပဲ” ဟု မာနသံဖြင့် သံသရာက ပြောလိုက်သေးသည်။
ချိုနှင်းလွင်သည် သူ၏ သံသရာဖြစ်သည်။
သူ၏ နှင်းဖြစ်သူ သံသရာလေးသည် အရုဏ်ဦးအရောင်ကဲ့သို့သော ပါးပြင်မို့မို့လေးကို ပိုင်ဆိုင်ထားသည်။
သူသည် ချိုနှင်းလွင်၏ သားကောင်ဖြစ်မှန်းမသိဖြစ်နေလေသည်။
သံသရာရေ ချိုနှင်းလွင်ရေ နင့် ပါးကွက်ကြားလေးနဲ့ ငါ့ကို စိတ်ကြိုက်သာ ဆွဲဆန့်လိုက်ပါတော့။
Dကောင်းကင်
0 comments:
Post a Comment