My Blog List

Friday, February 12, 2010

Hello အမေ


ဟဲလို အမေ

နေကောင်းရဲ့လား

အရင်လိုပဲ အိမ်နောက်ဖေးမှာ

တကုတ်ကုတ်နဲ့ ရှုပ်နေတုန်းလား

အဆင်ပြေရဲ့လားအမေ

မတွေ့တာကြာလို့ ကျွန်တော့်အမေ ပိန်နေပြီလား

အဆီတွေမစားပါနဲ့ အမေ

အငန်တွေ လျှော့ပါ

အ၀လွန်နေပါဦးမယ်

သားတွေ သမီးတွေအနားရှိရင်

ငါ့ကို ထူကြပါဦးလို့ပြောတတ်တဲ့ အမေ

ခု သားသမီးတွေ အဝေးမှာ

အဖေကရော ထူပေးရဲ့လားအမေ

သားကို သတိရရင် ဖုန်းဆက်ပါဦး

သားလဲမကြာမကြာဖုန်းဆက်ပါမယ်

အမေ့ကို သားချစ်ပါတယ်ဗျာ

အမေ့ကို သားတွေ့ချင်ပါတယ်အမေ

သားအမေ့ကို အရမ်းလွမ်းတယ် အမေ….

0 comments: