My Blog List

Wednesday, February 3, 2010

Don’t Let Go of Hope in your Dreams

Type your summary here.

Type the rest of your post here.


Don’t Let Go of Hope in your Dreams

- Hope gives you the strength to keep going, when you feel like giving up.

- Don’t ever quit believing in yourself. As long as you believe you can, you will have a reason for trying.

- Don’t let anyone hold your happiness in their hands; hold it in yours, so it will always be within your reach.

- Don’t measure success or failure by material wealth, but by how you feel; our feeling determine the richness of our lives.

- Don’t let bad moments overcome you; be patient, and they will pass.

- Don’t hesitate to reach out for help; we all need it from time to time.

- Don’t run away from love but toward love, because it is our deepest joy.

- Don’t wait for what you want to come to you; go after it with all that you are, knowing that life will meet you halfway.

- Don’t feel like you’ve lost when plans and dreams fall short of your hopes. Anytime you learn something new about yourself or about life, you have progressed.

- Don’t do anything that takes away from your self-respect; feeling good about yourself is essential to feeling good about life.

- Don’t ever forget how to laugh or be too proud to cry. It is by doing both that we live life to its fullest.

Nancye Sims

အိပ်မက်ထဲက မျှော်လင့်ချက်တွေ လွတ်ထွက်မသွားပါစေနဲ့

- လက်မြှောက် အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့ အခါမျိုးမှာ မျှော်လင့်ချက်က ဆက်လက် ရှင်သန်နေဖို့ ခွန်အားတွေ ပေးတယ်။

- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွတ်ပါနဲ့။ လုပ်နိုင်တယ်လို့ ယုံကြည်မှု ရှိနေသမျှ ကြိုးစားဖို့အတွက် အကြောင်းရှိတယ်။

- ကိုယ့်ပျော်ရွှင်မှုကို သူတပါးလက်ထဲ ထည့်မထားပါနဲ့။ ကိုယ့်လက်ထဲမှာပဲထား။ ဒါမှ အမြဲတမ်း ကိုယ်လက်လှမ်းမီနေမှာ။

- အောင်မြင်တာ ရှုံးနိမ့်တာကို ရုပ်ဝတ္ထု ကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့။ ကိုယ်ဘယ်လို ခံစားရတယ်ဆိုတာနဲ့သာ တိုင်းတာပါ။ ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ့်ခံစားချက်များကသာ ပြဌာန်းတယ်။

- ဆိုးတဲ့အခိုက်အတန့် ကလေးတွေရဲ့ လွှမ်းမိုးသွားမှုကို မခံပါနဲ့။ သည်းခံလိုက်စမ်းပါ။ သူတို့ ကျော်လွန်သွားလိမ့်မယ်။

- အကူအညီတောင်းဖို့ မ၀ံ့မရဲ ဖြစ်မနေနဲ့။ လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် လိုအပ်မြဲဖြစ်တယ်။

- အချစ်ကို ရှောင်မပြေးနဲ့ ၊ ရင်ဆိုင်တွေ့လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ပျော်စရာ အကောင်းဆုံးဖြစ်လို့ပါ။

- ဖြစ်ချင်တာကို ကိုယ့်ဆီရောက်လာအောင် စောင့်မနေနဲ့။ သွားတဲ့သူကို ဘ၀က လမ်းတစ်ဝက်က ဆီးကြိုမယ်ဆိုတဲ့ အသိနဲ့ ရှိသမျှအားထုတ်ပြီး ရအောင်လိုက်ယူပါ။

- စိတ်ကူးတွေနဲ့ အိပ်မက်တွေ မျှော်လင့်သလို ဖြစ်မလာလို့ ဘ၀ပျက်ပြီ မထင်လိုက်လေနဲ့။ ကိုယ့်အကြောင်း ၊ ဘ၀အကြောင်း အသစ်တစ်ခု တွေ့ရလေတိုင်း တိုးတက်မှု ရခဲ့တာပဲပေါ့။

- ကိုယ့်ကိုယ်ကိုယ် ရိုသေစိတ်ပျောက်သွားစေမယ့် ဘယ်လိုကိစ္စမျိုးမှ မလုပ်မိပါစေနဲ့။ ကိုယ့်ဘ၀ကိုယ် ကျေနပ်ခြင်းဟာ လူ့ဘ၀ကို ကျေနပ်ဖို့ လိုအပ်ချက်ဖြစ်တယ်။

- ရယ်မောဖို့ ဘယ်တော့မှ မမေ့နဲ့။ ငိုကြွေးဖို့လည်း ရှက်မနေနဲ့။ ဒီနှစ်ခုကို လုပ်နေခြင်းကြောင့် ဘ၀ဟာ ကျေနပ်စရာ အကောင်းဆုံး ဖြစ်နေရတာပဲ။

0 comments: