My Blog List

Friday, April 18, 2008

အခန်း-၂၈

ဲ့ပြဋ္ဌာန်းချက်တွေသာ
ရွရွထောင် ထိုးတက်လာခဲ့တယ်
အခန်း-၂၈ မှာ နေထိုင်ဖို့
ရိက္ခာအပြည့်အစုံ ပါမလာဘူး

လေးညှင်းသယ်ဆောင်လို့
ဟော့ဒီအခန်းကို ရောက်ခဲ့တာ မဟုတ်
လေပြင်းမုန်တိုင်းနဲ့အတူ
လွင့်လာခဲ့တာ

အဆင်မပြေခြင်းနဲ့အတူ
ငါက
အဆင်ပြေလို့တဲ့
ဘ၀ ၀ှက်ဖဲကို လိုက်ရှာရတာလဲ
ဖက်ဖက်ကို လှိုက်လို့

ရှေ့မှာ
လွင်ပြင်ကျယ်ကျယ်ကတော့
ဝေေ၀၀ါးဝါးေ၀၀ါးလို့
အတက်အဆင်းများတဲ့
အခန်းမှာ
သွေး
အသက်
သေနတ်
ရန်းနံ့
မီးခိုး အစုံနဲ့
လှလို့ ပလို့

ဖြေဆည်ရာကို မောမောမက်မက်
သောက်ချင်ပါရဲ့
ဖြေဆည်ရာက
နံရံကပ် ပိုစတာထဲ
သေနတ်ကြီးကိုင်လို့

ကြောက်ရမလား
ကြောင်ရမလား

အနာဂါတ်ကလဲ
အရောင်လှတဲ့ သက်တံ့လိုပါပဲ
နားခိုမယ် ကြံကာမှ
မိုးနဲ့အတူ အရည်ပျော်ခဲ့

ပြောင်းပြန်ယူဆစရာတွေ
တွန်းလှန်ငြင်းဆန်စရာတွေ
အော်ဟစ်ငြီးငွေ့စရာတွေ
ရနံ့မကောင်းတဲ့ သစ္စာစကားတွေ
အမှန်တရား တံဆိပ်ကပ်ထားလျက်

ခြောက်ခန်းခန်း ညစ်တူးတူး ဥပဒေလို
အဲဒါတွေနဲ့
အခန်း ၂၈-က သိသိသာကြီး
လှလို့ လွင်လို့

အချိုးအကွေ့ အတိမ်းအစောင်းများတဲ့
အခန်း ၂၈-ထဲမှာ
ငါ့အ၀ါရောင်လေး ဖဲ့ဖဲ့ပေးနေရတယ်

“သတ္တိဝတ်ရုံခြုံပြီး
တွေးတွေးဆဆ
လုပ်ပေါ့ကွာ” တဲ့
သူငယ်ချင်းပေးတဲ့ စကားလက်ဆောင်
အခန်း ၂၈-မှာ
အဲဒီစကားပဲ
တန်ဖိုးအရှိဆုံး။ ။

0 comments: