
အိမ်ပြန်သွားတဲ့ သူငယ်ချင်းတွေ များလာပေမယ့်
ငါက
အိမ်ပြန်ချင်စိတ်နဲ့ ဝေးလို့၊
အမေမျှော်နေမယ်ဆိုတာ...
ညီလေးကပြောတယ်..
အဖေနေမကောင်းဘူးတဲ့
ညီမလေးက အကိုကြီး ပြန်လာရင်
အနွေးထည်းလှလှလေး ၀ယ်ခဲ့နော်တဲ့
ငါက ခပ်ရှုပ်ရှုပ်မြို့ပြ လူနေမှုစနစ်ထဲမှာ
ခေါင်းကုတ်နေရတာကိုပဲ မက်မက်မော မော့သောက်နေမိ။
လယ်ကွင်းထဲက ဖြတ်တက်လာတဲ့ လေနုအေးကို ဆာလောင်မိပါရဲ့
အမှိုက်ပုံက လွင့်ဝဲလာတဲ့ အောက်သိုးသိုးရနံ့က
ငါ့ကို ရစ်ပတ်ဆွဲခေါ်ထားလေရဲ့။
အမေရေ
အမေ့ထက် သားက ဒုက္ခကို ပိုချစ်နေမိရဲ့
အိမ်ရှေ့က စိုက်ခင်းလေးထက်
မီးခိုးအူနေတဲ့ အရက်ဖြူဆိုင်လေးကို ခင်တွယ်နေမိ။
ဒီကောင်းကင်
0 comments:
Post a Comment