My Blog List

Friday, October 22, 2010

ငါ့ ပါး ငါ ပြန်ရိုက်တဲ့နေ့


ငါ့ ပါး ငါ ပြန်ရိုက်တဲ့နေ့


ငါ အသံတိတ် သက်ပြင်းချနေတယ်။

ဒေါသတွေ ကုတ်ခြစ်ပါများလို့

ငါ့စိတ်တွေ ရောင်ကိုင်းခဲ့

ဆင်ခြေဖုံးဒေသခံတိုင်း

ဒုတိယဘုရားသခင်ကို ကိုးကွယ်ကြသလား

ဒီမေးခွန်းက ဦးဏှောက်ကို

စီရင်ချက် ချခိုင်းနေ။

အဖွဲ့အစည်း ဒီစကားက

ညီညွတ်မှုကို ဦးတည်နေတယ်

အမှန်တရားကို ဦးတည်နေတယ်

လွတ်လပ်ခြင်းကို ဦးတည်နေတယ်

ငွေကြေးဟာ ရန်သူ့ဆီက လွတ်ကျလာတဲ့ လက်နက်လား

ရန်သူကြွေးတဲ့ အဆိပ်လား

ရင်ဝက စစ်ဖိနပ်ဒဏ်ရာ

ဦးခေါင်းက နံပါတ်ဒုတ်ဒဏ်ရာ

လက်ကောက်ဝတ်က လက်ထိပ်ဒဏ်ရာ

သေနက်ဒဏ်ရာ…

ဒဏ်ရာတွေ…………..

ဒေါ်လာနှစ်ရာနဲ့ လဲစားလိုက်ကြ

ရှက်စရာကောင်းလိုက်တာ

ဒီတစ်ခါ ငါ့ ပါးငါ

ပြန်ရိုက်လိုက်တယ်။

0 comments: