သူငယ်ချင်း
ငါတို့ဟာ
တစ်ယောက်ကို တစ်ယောက်မီပြီး
ထောင်နေရတဲ့ ၀ါးပင်တွေလိုပေါ့
အိပ်မက်တွေစုချည်ထားတဲ့
မြက်စိမ်းထုံးကြီးလို
ငါ
မင်း
နင်
ရယ်စရာ ငိုစရာတွေနဲ့
လှိုင်းကြက်ခွပ်လေးတွေ လှနေလိုက်တာ
တစ်နေ့
ပင်လယ်ကမ်းစပ်က သဲအိမ်လေးတွေလို
အရည်ပျော်လွင့်ပြယ်ရမယ်ဆိုတာလေ…..
မျက်ရည်နဲ့ဆေးကြောခဲ့တဲ့
သန်းခေါင်ညတွေ….
ဆိပ်ဖလူးပင်အောက်က
ဒေါသနဲ့ ချစ်ခြင်းတရားတွေ
တယုတယ ငါ ။
0 comments:
Post a Comment