My Blog List

Thursday, February 11, 2010

ဒုက္ခများနဲ့ အ၀ါရောင်




...ပွင့်ချပ်တွေ တ၀ုန်းဝုန်းကြွေကျခဲ့ပြီလေ
ဒီ..သင်္ကေတမှာ စစ်မှန်မှုတွေပါ
လွင့်ပြယ်သွားခဲ့တယ်။

ချစ်သူအတွက်...
နားရွက်တစ်ဘက်ဖြတ်ပေးခဲ့တဲ့
ဗန်ဂိုး လိုပေါ့....

ကိုယ်.. မင်းအတွက် ကိုယ့် အနာဂါတ်တွေ
ဖြတ်ပေးခဲ့တယ်
ညီမလေးရေ...
ကိုယ့် အလွမ်းတွေ အ၀ါရောင်သန်းခဲ့ပါပြီကွယ်....

အဲဒီနေ့က
ကိုယ့် စံပါယ်ပင်လေး
အ၀ါတွေ ပင်လုံးကျွတ်ပွင့်လို့

မီးခိုးတွေ အူနေတဲ့ ရင်ဘတ်မှာ
ညီမလေးမှီရဲပါ့မလား
ပူလောင်မှုဆိုတာ
အလွမ်းတွေနဲ့ ဖွဲ့တည်ထားတာလေ
ညီမလေးရေ ...

ကိုယ့် အလွမ်းတွေ
အ၀ါတွေနဲ့ ရောထွေးပြီး
ပုတ်ဆွေးခဲ့ပြီ အချစ်ရေ...

0 comments: