My Blog List

Friday, February 12, 2010

အလေးပြု




ရုပ်ရှင် ကြည့်ခါနီးတိုင်းခံစားရတာလေး ကို POST အဖြစ်ပြောင်းလဲလိုက်တာပါ။

ကြုံရတာများလာလို့ ခံစားလာရတယ်။ ခံစားလာရတာက ဒီနိုင်ငံ မှာနေ ဒီရေကို သောက်ပြီး။ ဘာလို့များ ဒီနိုင်ငံတော်အလံကို အလေးပြုရတဲ့ ၅မိနစ်မပြည့်တဲ့ အချိန် ခဏလေးမှာ မတ်တပ် ရပ်မပေးနိုင်ရတာလဲ ဆိုတာစဉ်းစားလို့ မရနိုင်ဘူး။

ကျွန်တော်ရုပ်ရှင်သွားကြည့်တယ်။ သွားကြည့်တိုင်း နိုင်ငံတော်အလံကို အလေးပြုပါ ဆိုတဲ့ စာတမ်းပေါ်တာနဲ့ အမြဲတမ်း မတ်တပ်ရပ် သတိအနေအထားလေးနဲ့ ခဏနေပေးရတာ ကို ဘယ်တုန်းက မှမပျင်းခဲ့ဘူး။ အခုနောက်ပိုင်း မှာ ပိုတွေ့လာရတာ က တော်တော်များများသော လူတွေ ထိုင်ရာက မထကြဘူး။ တစ်ချို့ဆို စကားပြောလေးတောင် မပျက်ကြဘူး။ ဘာလို့လဲ အဲဒီ့လူတွေ က မြန်မာနိုင်ငံသား မဟုတ်လို့လား။

နောက်ဆက်စဉ်းစားမိတာက အဲဒီလို လူတွေများလာပြီး နောက်ဆိုရင် နိုင်ငံတော်အလံဆိုတာ အလေးပြုရကောင်းမှန်း နောက်တက်လူငယ်တွေ သိပါတော့မလား။

ဒါပါပဲ ကျွန်တော်ပြောချင်တာ ဒါပဲ။

ကျွန်တော်ပြောချင်တာ နိုင်ငံတော်အလံကို ရုပ်ရှင်ကြည့်ခါနီး အချိန်လေးမှာတောင် အလေးမပြုတဲ့ သူတွေ ကို ပြင်ဆင်စေချင်တဲ့ စေတနာနဲ့ ပြောခြင်းဖြစ်ပါတယ်။

0 comments: