My Blog List

Sunday, February 14, 2010

ရင်လွမ်းချိန်


ရင်လွမ်းချိန်


ငါ့ရဲ့သံတူကြောင်းကွဲလေး
ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲ ဝေးတာပါ။

တို့လျှောက်မဲ့လမ်းလေးတောင်
စပါယ်တွေ အပြိုင်းအရိုင်းပွင့်လို့ ကောင်မလေးရဲ့။

အဲ့ဒီည..
ညဟာ … ညလိုပဲ
ညကျင့် ညကြံနဲ့ ငါ့ကို
တယောက်ထဲ ထားခဲ့တယ်
လရောင်တွေ ဖွေးဖွေးလှုပ်တဲ့ အဲ့ဒီည
လှိုင်းခေါင်းဖြူတွေကို
ပေါက်ဓါးတချောင်းစီနဲ့ ပစ်ပေါက်ရင်း
ချစ်ခြင်းမှာ သမုဒ္ဒရာဟာ
ခရေတမွှေးစာပဲဝေးခဲ့ပါတယ် ။

0 comments: