My Blog List

Wednesday, February 3, 2010

သင်သေသွားသော်





သင်သေသွားသော်

သြော်…. လူ့ပြည်လောက၊ လူ့ဘ၀ကား

အိုရနာရ၊ သေရဦးမည်

မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း

ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ

စေတီသာနှင့်၊ သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။
(ဆရာဇော်ဂျီ)

0 comments: