ဘ၀က
လဆန်းလား၊ လဆုတ်လား
ခက်ခဲတဲ့ မေးခွန်းမဟုတ်ပေမယ့်
အဖြေရခက်လိုက်တာ။
အညံ့စားအုပ်ချုပ်သူနဲ့
သွေးစွန်းနေတဲ့ ဥပဒေနဲ့
ရှေ့ဆက်ရမယ့် နာရီတွေက
ငြိမ်းချမ်းခြင်းကို သန်းဝေလို့၊
ငါတို့ တိုင်းပြည်အတွက်
ချေဂွေးဗားရား လိုတယ်၊
သတ္တိရှိတဲ့ မျိုးဆက်သစ် လိုတယ်၊
ငါ လိုတယ်၊ မင်း လိုတယ်။
အားလုံး လိုတယ်။
အညံ့ကို အညံ့အတိုင်း ထားမလား
အသစ်ကို ရှာဖွေမလား
စနစ်အသစ်နဲ့
အုပ်ချုပ်သူအကောင်းစားနဲ့
အနာဂတ်ကို ရင်ကော့ကြည့်ချင်တယ်။
ငါ့တို့ တိုင်းပြည်အတွက်
ဗိုလ်ချုပ်အောင်ဆန်းအသစ်လိုတယ်။
မျိုးချစ်စိတ်အပြည့်ရှိသူ အသစ်လိုတယ်။
ငါ လိုတယ်၊ မင်း လိုတယ်၊
အားလုံး လိုတယ်။
ပညာမဲ့ လူတန်းစားနဲ့
ထင်ရာစိုင်းအုပ်ချုပ်သူနဲ့
အဆင်ပြေသလိုပေါ့..တဲ့၊
ညစ်ထေးထေး လက်ကိုင်တုတ်နဲ့
ကံတရားစုတ်ပြတ်ပြတ်နဲ့
ကံပေးသလိုပေါ့….တဲ့၊
ငါတို့ တိုင်းပြည်အတွက်
အာဇာနည်အသစ်လိုတယ်၊
တော်လှန်သူ အသစ်လိုတယ်၊
ကျွန်မခံသူ အသစ်လိုတယ်၊
ငါ လိုတယ်၊ မင်း လိုတယ်၊
အားလုံး လိုတယ်။
လက်နက်အသစ်လိုတယ်၊
တိုက်ကွက်အသစ်လိုတယ်၊
ရန်သူအဟောင်း မျိုးပြုန်းရေး
ရန်သူအသစ် မမွေးဖွားရေး
အဲဒီ့…အဲဒီ့တွေအတွက်
ငါ လိုတယ်၊ မင်း လိုတယ်၊
အားလုံး လိုတယ်။
D. ကောင်းကင်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
0 comments:
Post a Comment