My Blog List

Friday, April 18, 2008

နွေညများကို ဖြတ်သန်းခြင်း

ပိတောက်တွေတော့ ပွင့်ကြတာပဲ
ဒါပေမဲ့ ပိတောက်က ပိတောက်မမည်တော့ဘူး
ထနောင်းရိပ်မှာ ငါတို့
ကြီးပြင်းခဲ့ရတယ်
အဲဒီမှာ ရေအိုးစင်က
အုန်းမုတ်ခွက်ကလေးက
ကြိုးတန်းလန်းနဲ့ပေါ့
လူတွေလဲ ကြိုးတန်းလန်းနဲပါ

ဘ၀ဟာ
အဲဒီလောက်ကြီးတောင် လွတ်လပ်ခဲ့ပါတယ်
ဒီလိုနဲ့ နေ၀င်သွားတယ်
အိမ်ပြန်ချိန်မှာ
နွားစာရိတ် နွားစာစဉ်း
ရေခပ် ညစာစား အိပ်
ဒီလိုပါပဲ ဒီလောက်ပါပဲ
ပူလောင်ခြင်း နွေရိပ်ကို
ကျောခိုင်းဖို့ ကြိုးစားရင်း
လှောင်ချိုင့်ထဲ ရောက်ခဲ့ရ
အဲဒီလောက်ထိ လှပခဲ့ပါတယ်
ဒါကတော့ ကျွန်တော်နဲ့အတူ
ထနောင်းပင်အိုကြီးတွေ
နွေညကို ဖြတ်သန်းခြင်းပါပဲ။

D. ကောင်းကင်

0 comments: